Myanmar Online Games Forum
MMOG Forum မှနွေးထွေးစွာကြိုဆိုပါတယ်။
အကောင့်ဝင်ဖို့ Login ကိုနိပ်ပါ။
အကောင့်အသစ်လုပ်ဖို့ Register ကိုနိပ်ပါ။
www.mm-og.com





 
HomeLatest topicFAQSearchRegisterLog in

Share | 
 

 ရယ်စရာ မောစရာ ဟာသကမ္ဘာ

View previous topic View next topic Go down 
AuthorMessage
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:33 pm

သူနာပြုဆရာမချောချောမှဆရာဝန်သို့။
အဲသည်လူနာရဲ့သွေးခုန်နှူန်းကို ကျွန်မတိုင်းလိုက်တိုင်း
ပိုပိုမြန်လာတယ်ဆရာ။ အဲဒါဘယ့်နှယ်လုပ်ရမလဲ။
ဆရာဝန်။ ။လူနာရဲ့ မျက်လုံးကိုပိတ်ထားလိုက်ပါ။
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:33 pm

ဆရာဝန်။ ။ဒီမနက်ဘယ်နှယ့်လဲ။
လူနာ။ ။သက်သာပါတယ်။ဒါပေမဲ့ အသက်ရှူတော့
နည်းနည်းကျပ်တယ်။
ဆရာဝန်။ ။အဲဒါရပ်သွားအောင်ကျွန်တော်တို့ လုပ်နိုင်ပါတယ်။
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:34 pm

အမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအရောင်းသမား ခမျာ
ဈေဦးပေါက်အလုပ်ဖြစ်ခဲ့တာလေးပြန်ပျက်တော့မှာပဲ။
သူရောင်းပေးထားတဲ့ မြေကွက်ကရေနစ်တယ်လေ။
ဝယ်ထားတဲ့လူက ဒေါနဲ့မောနဲ့ ပြန်လာတယ်ခင်ဗျ၊ သူ့ပိုက်ဆံပြန်အမ်းလိုက်ရမှာလားဟင်
လို့သူ့ဘော့စ်ကိုမေးတယ်။
ငွေပြန်အမ်းမယ်ဟုတ်လား
သူ့ဘော့စ်က အော်ငေါက်တယ်
ဘယ်လိုလုပ်ပြီးအရောင်းသမား ဖြစ်လာတာလဲ၊ခုချက်ချင်း သွားပြီးအဲသည်လူကိုလှေရောင်းချေ။
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:34 pm

ခင်ဗျားလို

မြို့တစ်မြို့တွင် လူတစ်ယောက်သည် လမ်းမကြီးရှိ ယာဉ် မရပ်ရသော မျဉ်းဝါနှစ်ထပ်တွင်
သူ၏ ကားကို ရပ်လိုက်ပြီး ရဲအရာရှိကို ပြောလိုက်သည်။
`ကျွန်တော် စာတိုက်မှာ စာသွားတည့်ချင်လို့ ဒီမှာပဲ ကားကို ရပ်လိုက်ပါတယ်၊
ခင်ဗျား ကျွန်တော့်ကို အရေးယူချင် ယူပါ´
`ကောင်းပြီလေ´ဟု ဆိုကာ ရဲအရာရှိက ချလန်စာရွက်ကို ရေးပေးလိုက်လေသည်။
ထို့နောက် ထိုလူက အခြားကားများလည်း ရပ်ထားသည်ကို တွေ့သဖြင့် မေးလိုက်
သည်။
`ဟိုမှာ တခြားကားတွေလည်း ကျွန်တော့်လိုပဲ ရပ်ထားတာ ခင်ဗျား ဘာဖြစ်လို့
အရေးမယူတာလဲ´
`သူတို့က ခင်ဗျားလို လာမပြောဘူးလေ´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:35 pm

မဖြစ်နိုင်ဘူး

တခါက လူတယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန် တံခါးခေါက်သံကို သူကြားလိုက်တယ်..ပြန်မေးလိုက်တယ်.
`ဘယ်သူလဲ´
အပြင်က ပြန်ဖြေတယ်။
`ငါပဲ´
အထဲက လူအ၇မ်းလန့်သွားတယ်..သူမှန်ေ၇ှ့ကိုပြေးပြီး သွားကြည့်လိုက်တယ်..မှန်ထဲမှာ
သူ့အ၇ိပ်ကို သူမြင်နေ၇တယ်..ဒီတော့မှပြန် အော် ပြောလိုက်တယ်..
`မဖြစ်နိုင်ဘူး..ငါက ဒီမှာ ၇ှိနေတာပဲဟာ´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:36 pm

ဒီနေ၇ာမှ ဟုတ်၇ဲ့လား

တခါက ဘု၇ားကျောင်းတခုမှာ နှစ်ခြင်းခံယူပွဲ လုပ်နေတယ်..ဘုန်းတော်ကြီးက
နှစ်ခြင်းခံမယ့် လူ၇ဲ့ခေါင်းကိုေ၇ကန်ထဲ ဆွဲနှစ်လိုက်ပြီး မေးလိုက်တယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
အနှစ်ခံ၇တဲ့လူ ၀ူးဝူးဝါးဝါးနဲ့ ခေါင်းမော့ပြီးပြန်ဖြေတယ်..
`ဟင့်အင်း´
ဘုန်းတော်ကြီးက နောက်တခါထပ်နှစ်တယ်..ထပ်မေးတယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
ဟိုလူကလဲ ၀ူးဝူးဝါးဝါးနဲ့ ပြန်ဖြေတယ်..
`ဟင့်အင်း`
ဘုန်းတော်ကြီးက ယေ၇ှုခ၇စ်စ်ကို မမြင်မချင်း ခေါင်းကိုေ၇ထဲ ဆွဲဆွဲနှစ်ပြီးမေးတယ် ..ဟိုလူကလဲ
မမြင်ဘူး..ေ၇ပဲမွန်းလာတယ်.. ကြာလာတော့ အဲဒီလူ ဒေါသထွက်ပြီး
ဘုန်းတော်ကြီးကို ပြန်မေးလိုက်တယ်..
`ခင်ဗျားယေ၇ှုေ၇နစ်သွားတာ ဒီနေ၇ာမှ ဟုတ်၇ဲ့လား´
(ပျော်စေလိုသော သဘောနှင့်သာေ၇းသားပါသည်..မည်သည့် ၇ည်၇ွယ်ချက်မျှ ဆိုး၇ွားစွာမ၇ှိပါ)
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:36 pm

အော်..အဲ့လိုလား

ကလေးတယောက်က သူ့အိမ်ေ၇ှ့က အုတ်ခုံလေးမှာထိုင်နေတယ်..လူတယောက်ကေ၇ာက်လာပြီးမေးတယ်..
`သား.သားမေမေေ၇ာ´
ကလေးကဖြေတယ်..
`မ၇ှိဘူး ..ကလေးမွေးနေလို့ ဆေး၇ုံမှာ အနားယူနေတယ်´
အဲဒီလူက ပြန်မေးတယ်..
`ဟင်..သားအဖေက နိုင်ငံခြားမှာဆို´
`အင်းလေ..ဖေဖေက နေ့တိုင်းမေမေ့ဆီ ဖုန်းဆက်နေတာပဲကို´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:36 pm

တိုက်ထည့်လိုက်မလို့

မစ္စတာbean၇ထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့၇ထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
၇ထားစီးတဲ့လူတွေဒဏ်၇ာ ၇ကုန်တယ်..မီး၇ထားကအ၇ာ၇ှိက သူ့ကိုခေါ်ဆူ တယ်..
`၇ထားမောင်းတယ်ဆိုတာ လူအများကြီး၇ဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်း၇တာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့၇တာလဲ´
beanကဖြေတယ်..
`မဟုတ်ပါဘူးဆ၇ာ..ကျွန်တော်ဒီနေ့ ၇ထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အ၇ာ၇ှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ၇ထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
beanပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ၇ထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:36 pm

ဆံပင်ညှပ်ခဲ့ပါ

ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်..
`မေမေေ၇..သားကို ဆ၇ာမက ဆံပင်ညှပ်ခဲ့ပါတဲ့´
`ဒီတော့ သားက ဆံပင်ညှပ်တော့မယ်ပေါ့..´
´ဟင့်အင်း..ကျောင်းထွက်တော့မယ်..´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:36 pm

ဒါတွေယူသွား


တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေး၇င်း ပြောလိုက်တယ်..
`ေ၇ာ့.ဒါတွေပါယူသွား..မယူသွား၇င် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:37 pm

မငြင်းတော့ပါဘူး

ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆ၇ာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆ၇ာပြားတယ် ထင်၇င်လဲ ထားလိုက်ပါတော့ ဆ၇ာ..ကျွန်တော် ဆ၇ာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:37 pm

ဘယ်မှာလဲ

လုတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိုက်တာ တခါတည်းကို
သက်သာသွားေ၇ာဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ၀မ်းသာအား၇ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:37 pm

ဒီလိုမေး၇တယ်ကွ

၇ွာတစ်၇ွာမှာ အိမ်ထောင်စုစာ၇င်းကောက်ဖို့မောင်အ ကို ၇ွာလူကြီးက တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မင်းက တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစာ၇င်းကောက်ဖို့ပါလို့ ပြော
အိမ်ထောင်၇ှိလား..ကလေးေ၇ာ၇ှိလား..ယောကျာ်းလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့၇ုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာတယ်..မောင်အ ပြောလိုက်တယ်..
`အိမ်ထောင်စု စာ၇င်းကောက်မလို့..မင်းဒီအိမ်ကလား´
ကောင်မလေး ခေါင်းညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်၇ှိလား´
`မ၇ှိပါဘူး´
`ဒါဆိုကလေးေ၇ာ..´
`ဖြန်းးးးးးးးးးးးးးး´
မောင်အကို ကောင်မလေးက ပါး၇ိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်အလဲ ၇ွာလူကြီးင်္ဆီပြန် လာပြီးပြော့ပတယ်..၇ွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မ၇ှိပါဘူးပြောတာ ကလေးက ဘယ်၇ှိမှာလဲ ..ဒီတခါ ကလေး၇ှိလား အ၇င်မေးကြားလား´
မောင်အ ပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်..
`အိမ်ထောင်စုစာ၇င်းကောက်မလို့ ..အဘွားဒီအိမ်က လား`
`အေး´
`အင်း..အဘွား ကလေး၇ှိလား..´
`အေး၇ှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်ေ၇ာ..?´
`ဖြန်းးးးးးးးးးးးးးးးးး´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:38 pm

မ၇ှိလို့

တိုလီမိုလီ ပစ္စည်းလေးတွေေ၇ာင်းတဲ့ ဆိုင်တဆိုင်ကို လူတယောက်ဝင်လာပြီးမေးတယ်..
`တူ၇ှိလား´
`ဟင့်အင်း´
`သံေ၇ာ´
`ဟင့်အင်း´
`ဒါဆို လွှ´
`မ၇ှိဘူး´
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမ၇ှိဘူး´
`ဟင်..ဒါဆို ခင်ဗျားတို့ ဘာလို့ ဆိုင်ဖွင့်နေသေးလဲ´
ဆိုင်၇ှင်ပြန်ဖြေတယ်..
`ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:38 pm

"ဘာလာလုပ်တာလဲ"

ဆေး၇ုံ တစ်ခုထဲကို လူနာတယောက်ေ၇ာက်လာတယ်..သူနာပြုကမေးတယ်..
`ဘာလာလုပ်တာလဲ´
`ဆေးရုံ့တက်ချင်လို့ပါ´
`ဆေး ပါလား´
`မပါဘူးခင်ဗျ´
`ပတ်တီးေ၇ာ´
`မပါဘူးခင်ဗျ´
`ဂွမ်း´
`မပါဘူးခင်ဗျ´
`ခွဲဖို့ စိတ်ဖို့ ကိ၇ိယာတန်ဆာပလာ..´
`ဘာမှမပါပါဘူးခင်ဗျ..´
သူနာပြုဒေါသထွက်ပြီး ပြန်မေးတယ်..
`ဘာမှမပါဘဲ ဆေး၇ုံကို ဘာလာလုပ်တာလဲ..´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:39 pm

တူးတီးတူတူးတူး

ချူချာလူမျိုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်..ဟိုတယ် မှာတည်းတယ်..သူက receptionistကိုပြောတယ်..
`တူးတီးတူတူးတူး´
receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က မေးတယ်..
`ဘာအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´
စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်ေ၇ာက်လာတယ်..မေးတယ်..ချူချာ ကလဲ ပြန်ပြောတယ်..
`တူးတီးတူတူးတူး´
ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး.. နောက်ဆုံးဟိုတယ် မန်နေဂျာေ၇ာက်လာတယ်..မေးတယ်..
`ဘာများအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ၀မ်းသာအား၇ ထပြောတယ်..
`အော်..သူကပြောတယ်...လက်ဖက်၇ည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ပေးပါတဲ့´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:39 pm

မှားသွားပြီ

စိတ္တဇေ၇ာဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆ၇ာဝန်ခေါ်ပြတယ်..ဆ၇ာဝန်ကို သားဖြစ် သူက ပြောပြနေတယ်..
`ဆ၇ာ..ကျွန်တော် ညက ၇ှုးပေါက်ချင်လို့ အိမ်သာထဲသွားတယ် ဆ၇ာ..အိမ်သာတံခါးကို ဖွင့်လိုက်တော့
မီးက အလိုလိုလင်းသွားတယ်..တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်
သွားတယ်ဆ၇ာ.အဲဒါနဲ့ ကျွန်တော်လဲ ၇ှုးပေါက်ပြီးပြန်အိပ်နေလိုက်တယ်..´
အဖေဖြစ်သူက ထအော်တယ်..
`ဟာ..အဲဒါမှပြသနာပဲ..မိန်းမေ၇..မင့်သားေ၇ခဲသေတ္တာထဲ ၇ှုးပေါက်လိုက်ပြီ ထင်တယ်´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:39 pm

ဘာလို့စည်းကမ်းမ၇ှိတာလဲံ

ယောကျာ်းဖြစ်သူက သိပ်စည်းကမ်းကြီးတော့ မိန်းမဖြစ်သူက သိပ်ကြောက်၇တယ်..တနေ့မှာ ယောကျာ်းက
အလုပ်ကပြန်လာတော့ေ၇ခဲသေတ္တာတစ်လုံးဝယ်ပေးတယ်..၇ို၇ိုသေသေကိုင်
လို့ပြောတော့ မိန်းမက ဟုတ်ကဲ့ပါပေါ့..
နောက်နေ့ ယောက်ျားအလုပ်ကပြန်လာတော့ ယောက်ျားကေ၇ခဲသေတ္တာကို ဖွင့်တယ်..ဘာ
မပြောဘာမဆိုနဲ့ မိန်းမကိုပါး၇ိုက်လိုက်တယ်..မိန်းမက အံ့သြပြီးစဉ်းစားတယ်..
`အော်..သူကြိုက်တတ်တဲ့ ၀က်အူချောင်ေးတွထည့်မထားပေးလို့နေမယ်´
နောက်နေ့ ၀က်အူချောင်းတွေထည့်ထားပေးတယ်..ေ.ယကျာ်းကအလုပ်က ပြန်လာတော့ေ၇ခဲ သေတ္တာကိုဖွင့်တယ်..ပါး၇ိုက်လိုက်တယ်..မိန်းမကစဉ်းစားတယ်..
`အင်း..သူ့ကိုဘီယာဘူးတွေ ထည့်မထားပေးလို့ ထင်တယ်..´
နောက်နေ့ ထည့်ထားပေးလိုက်တယ်..ယောက်ျားက ပြန်လာတော့ေ၇ခဲသေတ္တာဖွင့်ပြီး ၇ိုက်ပြန်ေ၇ာ..မိန်းမက မေးတယ်..
`၇ှင်ဘာလို့ ကျွန်မကို ပြန်လာတိုင်း ပါးပဲ၇ိုက်နေ၇တာလဲံ´
ယောကျာ်းကပြန်ပြောတယ်..
`ငါမင်းကိုေ၇ခဲသေတ္တာကို စည်းကမ်း၇ှိ၇ှိသုံးပါလို့ပြောထားတယ်မဟုတ်လား..ကြည့်စမ်း.. ငါပြန်လာတိုင်းေ၇ခဲသေတ္တာက မီးလင်းနေတယ်´
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:40 pm

အေးလေ..အေးလေ..

တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိုက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကိုေ၇ှ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမကိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား ကျွန်တော့်ကားပေါ်က ဆင်း၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´

[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:40 pm

ကျင်းတွေ့ ကွေ့ရှောင်
ကွေ့ရှောင် တောင်တွေ့
တောင်တွေ့ တောင်တက်
တောင်တက် ချုံရှင်း
ချုံရှင်း မြွေရှာ
မြွှေရှာ တီတွေ့
တီတွေ့ ငါးမျှား
ငါးမျှား ဖားရ
ဖားရ ကြော်စားလေသတည်း။။...
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:41 pm

သူ့ကျတော့ ...


[You must be registered and logged in to see this image.]

စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။

"ကျွန်မ
ယောက်ျားအတွက် ကုသဖို့ နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများ
ရူးသွားပြီလားမသိဘူး။သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ် ဆရာရဲ့"လို့
ပြောပါတယ်။

ဒါနဲ့ ဂျင်မီက "ဒီလောက်လည်း စိတ်မပူပါနဲ့ဗျာ။ ခုချိန်က
လူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်"လို့ဆိုတော့
အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ဆိုပါတယ်။

"ဆရာသူ့ကို နားမလည်ပါဘူး။ သူက ပါးစပ်ကြီးဟပြီး အိပ်တော့ သူ့ထဲက ရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ.."
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:41 pm

ကျယ်လာမှာပါ
သူဌေးကတော်ကို ပလပ်စတစ် ခွဲစိတ်မှုလုပ်သည်။ ပိုနေသော အဆီများကို ထုတ်ပစ်သည်။ နှာခေါင်းပုံသဏ္ဌာန်ကို ပြောင်းပေးသည်။

ခွဲစိတ်မှုပြီးသောအခါ မှန်ထဲ မိမိကိုယ်မိမိ ကြည့်ရင်း သူဌေးကတော်က ပြောသည်။

"ခွဲစိတ်မှုကို ယေဘုယျအားဖြင့် ကျေနပ်ပါတယ်၊ မျက်လုံးတစ်ခုပဲ…."

"ဘာကို ဆိုလိုတာလဲခင်ဗျာ"

"သြော် ကျွန်မရဲ့ မျက်လုံးကို နည်းနည်းချဲ့ပေးလိုက်ရင်များ ပိုကောင်းသွားမလားလို့ပါ"

"ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ခွဲစိတ်ခဘောက်ချာကို မြင်တဲ့အခါမှာ အစ်မကြီးရဲ့ မျက်လုံးတွေ အလိုလို ကျယ်လာပါလိမ့်မယ်"
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:41 pm

နောက်ထပ် အမူးဒီဂရီများ

1. အဖေနှင့် သောက်နေစဉ် "မင်းမျက်နှာကို ငါ တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုလိုပဲ" ဟု ပြောခြင်း။
2. တက္ကစီသမားက "ဘယ်ကိုသွားမလဲ" ဟြု မေးသည့်အခါ "မင်း သောက်လုပ်မဟုတ်ဘူး" ဟု ဖြေခြင်း။
3. မိန်းမနှင့် သောက်နေစဉ် "တစ်ခွက်စီထပ်ချပြီးရင် မြာတွေဆီ သွားရအောင်" ဟု အဖော်ညှိခြင်း။

4. ညနေပိုင်း မိန်းမဆီ ဖုန်းဆက်ရာတွင် "ရုံးမှာ အစည်းအဝေးရှိတယ်၊
မိုးချုပ်မှ အစည်းအဝေးပြီးရင် သူ့ဆီမှာပဲ ဒီည ငါ အိပ်လိုက်တော့မယ်" ဟု
ပြောခြင်း။
5. စားသောက်ဆိုင်တွင် "ဟေး ဘွိုင်၊ တံခါးကို ဒီဘက်ဆွဲလာခဲ့စမ်း၊ ငါ အပြင်ထွက်မလို့" ဟု အမိန့်ပေးခြင်း။
6. လမ်းပေါ်က ကတ္တရာစေးများ ကြွတက်လာပြီး မျက်နှာကို နာကျင်စွာ ထိုးနှက်ခြင်း။
7. "ဘယ်ကို ပို့ရမလဲ" ဟု တက္ကစီသမားက မေးသည်ကို "ဘယ်ကို ရမလဲ၊ အိမ်ကိုပေါ့ကွ" ဟု ဖြေခြင်း။
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:41 pm

အရွယ်သုံးပါး

1. တစ်ညလုံးသောက်သည်၊ မြာလျှောက်ပွေသည်၊ မနက်ကျတော့ တစ်ညလုံး အိပ်ခဲ့ရသလို လန်းဆန်းနေသည်။
2. တစ်ညလုံးသောက်သည်၊ မြာလျှောက်ပွေသည်၊ မနက်ကျတော့ တစ်ညလုံးသောက်ခဲ့၊ မြာလျှောက်ပွေခဲ့သလို ပင်ပန်းနွမ်းနယ်နေသည်။
3. တစ်ညလုံး အိပ်သည်၊ မနက်ကျတော့ တစ်ညလုံး သောက်ခဲ့၊ လျှောက်ပွေခဲ့သလို ပင်ပန်းနွမ်းနယ်နေသည်။
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:41 pm

အပြန်အလှန်ယဉ်ကျေးမှု
ဧည့်ခံပွဲတစ်ခုတွင် ၁၅-နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန် အမျိုးသမီးတစ်ဦးအား သွားဖိတ်သည်။

"ကျွန်မ ကလေးနဲ့ မကဘူး"

"တောင်းပန်ပါတယ်၊ ခင်ဗျား ကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ"
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:42 pm

တူတူပုန်းတမ်း
ကြောင်ထီးနှင့် ကြောင်မတို့ တူတူပုန်းတမ်း ကစားကြသည်။ ကြောင်မက ပြောသည်။

"ကျွန်မကို
ရှင် ရှာတွေ့ရင် ကျွန်မကို ရှင် သွန်လိုသွန်၊ မှောက်လိုမှောက်၊ ကြိုက်သလို
လုပ်နိုင်တယ်။ ရှာမတွေ့ဘူးဆိုရင်တော့ ကျွန်မ ဗီရိုထဲမှာနော်"
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:42 pm

နင်နဲ့ဘာဆိုင်လဲ
ဘာသာရေးတရားဟောဆရာထံ ဂျူးမိန်းမကြီး ရောက်လာပြီး အကြံဉာဏ်တောင်းသည်။

"ကျွန်မရဲ့အိမ်မှာ
ကြက်ဖနဲ့ ကြက်မရှိတယ်။ တစ်ကောင်ကောင်ကို ကျွန်မသတ်စားရမယ့် အခြေအနေ
ဖြစ်လာတယ်။ ဘယ်အကောင်ကို သတ်စားရမလဲဟင်။ ကြက်ဖကို သတ်ရင် ကြက်မ
ရင်ကွဲနာကျမယ်။ ကြက်မကို သတ်ပြန်ရင်လည်း ကြက်ဖကြီး ၀မ်းနည်းပက်လက် ဖြစ်မယ်။
ကျွန်မ ဘာလုပ်ရမလဲ"

တရားဆရာ ခဏမျှ စဉ်းစားပြီး ပြောသည်။
"ကြက်ဖကို သတ်စား"

"ဒါပေမယ့် ဆရာကြီးရယ်၊ ကြက်မခမြာ သနားစရာ ဖြစ်မှာပေါ့"

"အဲဒါ နင့်ပြဿနာလား၊ ကြက်မရဲ့ ပြဿနာလားကွ ဟေ"
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:44 pm

တစ်နေ့ အိမ်ရှင်မ နှစ်ယောက်ဟာ Night Club မှာ မိန်းကလေးနေ့ အခမဲ့
ဝင်သောက်ခွင့် ရှိတာမို့ သွားရောက်ဘို့ ပြင်ဆင် လိုက်ကြပါတယ်။ အဲဒီ Night
Club မှာလဲ အရက်တွေ က အကောင်းစားတွေကြီးမို့ လွန်လွန်ကျွန်ကျွန်
မူးမူးရူးရူး သောက်ခဲ့ ကြပါတယ်။ သောက်ပြီးသွားတော့ နှစ်ယောက်သား
အိမ်ပြန်လမ်းမှာ သေးပေါက်ချင်တာမို့ ၊ တွေ့ရာ အစဉ်ပြေရာနေရာ ပေါက်ဘို့
ဆုံးဖြတ်လိုက်ကြတယ်။ သင်္ကျိုင်းကုန်းနဲ့ နီးတာမို့ အုတ်ဂူ ကျောက်တိုင်
အနောက်မှာ ထိုင်ပေါက်ဘို့ တစ်ယောက်က အကြံပေးပါတယ်။ ဒါနဲ့ တစ်ယောက်
သေးပေါက်ပြီးတော့ သုတ်စရာမရှိတာမို့ အောက်ခံ ဘောင်းဘီနဲ့
သုတ်ပြီးလွှတ်ပြစ်လိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ အောက်ခံ ဘောင်းဘီကလဲ
အသစ်ကြီးဝယ်ထားတာ မကြာသေးတာမို့ ဘာလုပ်ရမှန်းမသိပါဘူး။ ဒါပေမဲ့
လက်လှမ်းမီရာမှာ ဖဲပြား ကြိုးကြီးကို တွေ့လိုက်တာမို့ လှမ်းဆွဲပြီး
အသုံးပြုလိုက်ပါတယ်။ ပြီးသွားတဲ့ နောက်ဆုံး နှစ်ယောက်စလုံး အိမ်ကို
ပြန်ခဲ့ကြတယ်။

နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ခင်ပွန်းနှစ်ယောက်ဟာ
တယ်လီဖုန်းပေါ်မှာ ကိုယ့်ဇနီးတွေ ခုတလော ကဲနေကြတာမို့ တစ်ခုခုလုပ်ဖို့
တိုင်ပင်ကြပါတော့တယ်။


“ ဟုတ်တယ်။ ဒီနှစ်ယောက်ကို ငါတို့ သေချာ ထိန်းမှ ဖြစ်တော့မယ်၊ ညကဆို မင်းကြည့်ကွာ ငါ့မိန်းမ ပြန်လာတာ အောက်ခံ ဘောင်းဘီ ပါမလာဘူး ”။


ဒါနဲ့ နောက်တစ်ယောက်က ။


ဟေ့ကောင်ရ။ မင်းမိန်းမက တော်သေးတယ်၊ ငါ့မိန်းမ ညက ပြန်လာတာ သူ့တင်ပါး
ကြားထဲမှာ စာနာထောက်ထား တယ်ဆိုတဲ့ ကဒ်တောင် ပါလာသေးတယ်။”“အဲဒီကဒ်ထဲ မှာ
မင်းဘာရေးထားတယ် မှတ်သလဲ၊ မီသတ်တက်ဖွဲ့က ကျွန်တော်တို့ တစ်စု၊ မင်းကို
ဘယ်တော့မှ မမေ့ပါဘူးတဲ့”
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:45 pm

ကျောင်းပျင်း [You must be registered and logged in to see this image.]


တမနက်မှာပေါ့... အိပ်ယာက သွားနှိုးတယ် ...
“ဟဲ့...သား ထ..ထ .. ကျောင်းသွားရတော့မယ်...”
“ကျွှန်တော်မသွားချင်ဘူး.. အမေ”
“ဘာလို့ မသွားချင်ရမှာလဲ... မသွားချင်ရတဲ့ အကြောင်းအရင်း နှစ်ခုလောက်ငါ့ကိုပြောစမ်း”
“ကောင်းပြီ... တစ်အချက် - ခလေးတွေက ကျွှန်တော့်ကို မုန်းကြတယ်...
နှစ်အချက် - ဆရာ/ဆရာမတွေကလည်း ကျွှန်တော့်ကို မုန်းကြတယ်...”
“ဟဲ့... အဲ့ဒါ ကျောင်းပျက်ရမဲ့ ဆင်ခြေတွေမှ မဟုတ်တာ အခုထ .. အသင့်ပြင် ..ကျောင်းသွားရမယ်”
“ဒါဆို ကျွှန်တော်ကျောင်းသွားရမယ်ဆိုတာ အကြောင်းပြချက် နှစ်ခုလောက်ပေးပါ”
“ပြောရတာပေါ့... တစ်အချက်- မင်းအသက် ငါးဆယ့်နှစ်နှစ်ရှီပြီ..
နှစ်အချက်- မင်းက ကျောင်းအုပ်ဆရာကြီးဖြစ်နေပြီလေ ... ကဲ .. ” [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member


Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Sat 05 Nov 2011, 5:45 pm

ဆက်လက်တင်ပေးပါအုန်းမည်။ Very Happy Very Happy
Back to top Go down
Sponsored content




PostSubject: Re: ရယ်စရာ မောစရာ ဟာသကမ္ဘာ    Today at 3:54 pm

Back to top Go down
 
ရယ်စရာ မောစရာ ဟာသကမ္ဘာ
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Myanmar Online Games Forum :: MMOG Entertainment :: Comedy-
Jump to: