Myanmar Online Games Forum
MMOG Forum မှနွေးထွေးစွာကြိုဆိုပါတယ်။
အကောင့်ဝင်ဖို့ Login ကိုနိပ်ပါ။
အကောင့်အသစ်လုပ်ဖို့ Register ကိုနိပ်ပါ။
www.mm-og.com





 
HomeLatest topicFAQSearchRegisterLog in

Share | 
 

 ဟာသတိုများ

View previous topic View next topic Go down 
AuthorMessage
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: ဟာသတိုများ   Fri 01 Jul 2011, 7:12 pm

ကျွန်တော်မြန်မာပြည်က အကြီးအကဲများကို လက်ဆောင်ပေးပို့
စတိုးဆိုင်သို့ရောက်လာခဲ့သည်။ ဈေးရောင်းသူကမေးပါတယ်။
ဘာအလိုရှိပါသလဲခင်ဗျာ။ ကျွန်တော်ကလူကြီးတွေကို လက်ဆောင်
တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တယ်။ ရောင်းသူကရပါတယ်။ ဒါကလျှပ်စစ်မီးပူ၊
ဒါကတော့ လျှပ်စစ်မီးဖို။ အဲဒါကတော့ လျှပ်စစ်ကော်ဖီဖျော်စက်ပါ။ ကျွန်တော်
လက်ဆောင်ပေးချင်တာက "လျှပ်စစ်ကုလားထိုင်" ခင်ဗျားတို့ဆီမှာမရောင်းဘူးလား။
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:13 pm

အဖိုးကြီး နှစ်ယောက် ဆုံကြသည် ။
" ခင်ဗျားရော ကျနော်ရော..အသက်တွေထောက်လာကြပြီ....မကြာခင် ဘ၀ကူး
ကြရတော့မယ်
မသေခင် ခင်ဗျားကို ကျနော် ၀န်ခံစရာတွေ ရှိပါတယ်....မှတ်မိလား....၁၉၄၀
ခုနှစ်က ခင်ဗျား
ထောင် ဆယ်နှစ် ကျသွားတာလေ.. ခင်ဗျားကို ချောက်ချလိုက်တာ ကျနော်ပဲ...၊
ထောင်ကထွက်
ပြီး ခင်ဗျား စက်ရုံမှာ အလုပ်ရတယ်..မကြာဘူး..ခင်ဗျားကို အလုပ်က
ထုတ်ပစ်လိုက်တယ်..၊ အဲ
ဒီတုန်းကလဲ တရားခံက ကျနော်ပဲ...ကျနော့်ကို ခွင်လွှတ်ပါဗျာ..."
" ကျနော်လဲပဲ ခင်ဗျားကို ၀န်ခံစရာ ရှိတယ်...ခင်ဗျားရဲ့  သား ပီတာ ကို သိတယ်
မဟုတ်လား.."
" ကိုယ့်သားပဲဗျာ...၂၅ နှစ်လုံးလုံး ပြုစု ကျွေးမွေး
စောင့်ရှောက်ခ့တဲာပဲ..သိတာပေါ့.."
" တရားခံက ကျနော်ပဲဗျာ...."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:13 pm

" သတင်း ကြားပြီးပြီလား...ကိုဘမောင်တစ်ယောက် ဆေးရုံ ရောက်နေတယ်တဲ့ "
" ဆေးရုံ..ဟုတ်လား.....မဖြစ်နိုင်တာပဲ..၊ မနေ့ ကတောင် ကောင်မလေး ချောချော
လှလှ တစ်ယောက်နဲ့  ရုပ်ရှင်ရုံထဲမှာ တွေ့ ခဲ့သေးတာပဲ.."
" အင်း...ခင်ဗျား တွေ့ သလို သူ့ မိန်းမကလည်း တွေ့ သွားတယ်ဗျ "
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:14 pm

ယောင်္ကျားဖြစ်သူ ထုံးစံအတိုင်း အရက်မူးပြီး ပြန်လာသည် ။ မိန်းမက ယောင်္ကျား၏
နားရွက်ကို လိမ်ဆွဲပြီး မေးသည်။
" ရှင်...နောက် သောက်ဦးမလား..."
ယောင်္ကျား ဘာမှ မပြောပဲ တိတ်တိတ်နေသည် ။ နားရွက်ကို ထပ်လိမ်ဆွဲပြီး
မေးပြန်သည် ။
" ရှင့် ကို ကျမ မေးနေတယ်...
နောက် သောက်ဦးမလား..ပြောစမ်း.."
ယောင်္ကျားက စိတ်မပါ့တပါဟန်ဖြင့် နောက်ဆုံးတွင် ပြန်ဖြေသည် ။
" အဲ့ဒီလိုဆို ...ငှဲ က့ွာ ...
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:14 pm

ညအချိန် လမ်းထောင့်တစ်နေရာတွင်..အမျိုးသမီးငယ် တစ်ယောက်ကို လူဆိုးက
ဓါးနှင့်ထောက်ပြီး ပြောသည် ။
" လူ့ ပြည်မှာ နေချင်သလား.."
" ဘယ်သူနဲ့ လဲ.."
" ပိုက်ဆံပါသလား "
" ဘယ်လောက် လိုချင်လို့ လဲ.."
" အ၀တ်အစားတွေ အကုန်ချွတ်စမ်း "
" ရှင်ကော.."
" ဟေ့ ကောင်မ စကားကို ကောင်းကောင်းပြော...ငါ ဓါးပြတိုက်နေတာကွ.."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:16 pm

နိုင်ငံတော် မွေးမြူရေးခြံ၏ အထွက်နှုန်း သိသိသာသာ ထိုးကျသွားသောအခါ
ခြံအုပ်ချုပ်ရေးမှူးသည်
ဖြူဆွတ်နေသော ကြက်ဖကြီး တစ်ကောင်ကို ၀ယ်ကာ ကြက် ဘဲ နှင့်
ငန်းများထားရာ ခြံထဲသို့  လွှတ်
လိုက်သည် ။
ကြက်ဖကြီးသည် ကြက်မအားလုံးကို ကြင်ယာအဖြစ် သိမ်းပိုက်လိုက်သည် ။
ဘဲမများကိုလည်း ချမ်းသာ
မပေးချေ ။ ထိုမျှနှင့် အားမရသေးဘဲ ငန်းမ များဆီ ကူးသည် ။ သို့ ဖြင့် ခြံ၏ ဥ
အထွက်နှုန်း တစ်ရှိန်ထိုး
မြင့်တက်လာသည် ။ အုပ်ချုပ်ရေးမှူးလည်း အကျေနပ်ကြီး ကျေနပ်နေသည် ။
တစ်နေ့  လမ်းလျှောက်လာရင်း လမ်းပေါ်တွင် ကြက်ဖကြီး မလှုပ်မရှား လဲနေပြီး
၎င်း၏ အနားတွင် ကျီးကန်း
များ ၀ဲနေသည်ကို အုပ်ချုပ်ရေးမှူး တွေ့ လိုက်ရာ ယူကြုံးမရသံဖြင့် မေးသည် ။
" သားကြီး..ဘယ်သူ့ အားကိုးနဲ့  မင်း တို့ ကို ပစ်သွားတာလဲကွယ် "
ကြက်ဖကြီးသည် မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်ပြီး အုပ်ချုပ်ရေးမှူးကို ပြောသည်

" အရူး...ထွက်သွားစမ်း...ကျီးကန်းတွေ လန့် ပြေးကုန်လိမ့်မယ် "
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:17 pm

လူနာ အမျိုးသမီးကို ဆရာဝန်က စမ်းသပ်စစ်ဆေးသည် ။ ပြီးသောအခါ အပြင်တွင်
စောင့်နေသော
ယောင်္ကျားဖြစ်သူကို ဘေးသို့  ခေါ်ထုတ်ကာ ပြောသည် ။
" ခင်ဗျား အမျိုးသမီးကို ကျုပ် သိပ်မကြိုက်ချင်ဘူးဗျာ..."
" ကျနော်လည်း မကြိုက်ဘူး....ပြီးတော့ မကြိုက်တာ ကြာပြီဗျ "
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:17 pm

သူ့  ဒု က္ခ နဲ့  သူ "
အိမ်ဖော်မ နှစ်ယောက် ဆုံကြသည် ။ တစ်ယောက်က
အသက်ကြီးကြီး.....နောက်တစ်ယောက်က
အသက် ခပ်ငယ်ငယ် ...။ အသက်ကြီးသူ အိမ်ဖော်က ပြောသည် ။
" ငါ တော့အေ..အားလုံးကို ငြီးငွေ့ လှပြီ...တစ်နေ့ လုံး ဟုတ်ကဲ့ မမ ..ဟုတ်ကဲ့
မမ
နဲ့  အချိန်
ကုန်နေရတယ်.."
အသက်ငယ်သော အိမ်ဖော်မလေးကလည်း ပြောသည် ။
" ကျမလဲ အရာရာကို စိတ်ကုန်နေပြီ..တစ်နေ့ လုံး ဟင့်အင်း အန်ကယ် ဟင့်အင်း
အန်ကယ် နဲ့ 
မနည်း ငြင်းနေရတယ်..."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:18 pm

၁၀ တန်းစာမေးပွဲ သင်္ချာဘာသာ ဖြေဆိုပြီးသောအချိန် .. အတန်းထဲမှ နောက်ဆုံးမှ
ထွက်လာသော ကျောင်းးသားအား ဆရာမှ မေးနေသည် ...
ဆရာ --- ဖြေနိုင်ရဲ့လား ... အချိန်မလောက်ဘူးထင်တယ် ...
ကျောင်းသား ... ဖြေနိုင်ပါတယ် ဆရာ .. အချိန်လည်းလောက်ပါတယ် ..
အဖြေပြန်စစ်တာမှာအချိန်မလောက်လို့
ဆရာ ... ဝေ
ကျောင်းသား ... ၁ မှတ်တန်တွေမှာလေ .. ဖြေတုန်းက ၁၅ မိနစ်တောင်မကြာဘူး
...
ဆရာ ... ကျန်တာတွေ ပြန်စစ်တာ အဲ့လောက်ကြာသလား
ကျောင်းသား ... ကျန်တာတွေကို ပြန်စစ်ချိန်မရဘူးဆရာ .. ၁ မှတ်တန်နဲ့တွင်
မလောက်တာ
ဆရာ ... မင်းသေချာ တွက်မဖြေဘူးလား ..
ကျောင်းသား .. ခေါင်းပန်းလှန်ပြီး သေချာဖြေတာပဲ ဆရာရယ် ...
ပြန်စစ်တဲ့အချိန်ကျမှ အဖြေတွေက မှားနေတယ်လေ
ဆရာ .. သေဟ
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:19 pm

နံနက်စောစောတွင် မေရီ သည် အိမ်ထဲမှ ထွက်ပြီး ဘေးအိမ်အားလုံး ကြားအောင်
အော်ပြောသည် ။
" ရိုစီ..ငါ့ယောင်္ကျား ဒေးဗစ် နင့် ဆီ ရောက်ခဲ့သလား "
" ဘာဆိုင်လို့  နင့်ယောင်္ကျား ငါ့ဆီ ရောက်လာရမှာလဲ.."
" အင်နာ...ဒေးဗစ် နင့်ဆီမှာလား.."
" နင့် ဒေးဗစ်ကို ငါက ဘာလုပ်ရမှာလဲ ဟဲ့ "
" မာတီနာ...ဒေးဗစ် နင့်ဆီမှာလား.."
" မဆီမဆိုင်တော်...ငါ့ဆီမှာ နင့်ယောင်္ကျား ရှိနေတယ်လို့  ဘာလို့  ထင်ရတာလဲ
ဟဲ့.."
" မကောင်းတဲ့ မိန်းမတွေဆီ သွားဦးမယ်ဆိုပြီး မနေ့ က သူထွက်သွားတယ်..
တစ်ညလုံး ပြန်မလာဘူး "
" ဘာလဲ...ငါတို့ အားလုံးကို မကောင်းတဲ့ မိန်းမတွေလို့  နင် စွပ်စွဲတာပေါ့
လေ.."
" အောင်မလေး..ဖြစ်နေလိုက်ကြတာ....မေးတောင် မမေးရတော့ဘူးလား လို့ 
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:20 pm

အရာရှိကြီး တစ်ယောက်သည် နယ်သို့  ရက်အတန်ကြာ ခရီးထွက်ရန် ဖြစ်လာသည်
။ အသက်ငယ်ငယ်
ဇနီးချောကို စိတ်မချသဖြင့် အရင်းနှီးဆုံး သူငယ်ချင်းကို မှာသည် ။
" သူငယ်ချင်း..မင်း ငါ့ မိန်းမ အကြောင်းသိသူမို့ 
မှာပါရစေ..တစ်ခြားယောင်္ကျားတွေနဲ
့ ဖောက်ပြားတယ်လို့ 
သံသယ ရှိရင် ချောကလျာ နေမကောင်းလို့  ကြေးနန်းရိုက်ပါ..အဲ...ဒင်း
ဖောက်ပြန်တာကို တပ်အပ်မြင်
တယ်...သေချာတယ်ဆိုရင်တော့ ချောကလျာ သေပြီ လို့  ရိုက်ပေးပါ.."
နယ်ထွက်ပြီး နောက် တစ်ရက်မှာပင် ဇနီးဖြစ်သူသည် တစ်ခြားယောာင်္ကျားတွေနှင့်
ပြောင်ပြောင် တင်းတင်း
တွဲခုတ်တော့သည် ။ အိမ်သို့ ခေါ်ပြီး ဟေးလားဝါးလားနှင့် နေသည် ။ သူငယ်ချင်းဖြစ်သူသည်
အရာရှိကြီး
တာဝန်ဖြင့် သွားရောက်
စစ်ဆေးသည့် စက်ရုံသို့  ကြေးနန်း ရိုက်လိုက်သည် ။
" ချောကလျာ သေပြီ "
စက်ရုံ အုပ်ချုပ်ရေးမှူးသည် ၀မ်းနည်းစရာသတင်းကို အရာရှိကြီးအား
အကြောင်းကြားရမှာ ၀န်လေးနေသည်။
သို့ နှင့် ပိုမိုတိကျအောင် ကြေးနန်း ပြန်ရိုက်သည် ။
" အသုဘ ချမည့်နေကို အကြောင်းကြားပါ.." ချက်ချင်း ဆိုသလို ကြေးနန်း
ပြန်ဝင်လာသည် ။
" ရက် အတိအကျ မသိ .. အသဘု ရှုသေူ တွ လာဆဲ " ဟူ၍ ဖြစ်သည် ။
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:21 pm

ဘာသာ စကား
တရုတ်စီးပွါးရေး လုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်း ကိစ္စဖြင့် နယူးဒေလီ
မြို့သို့  ရောက်လာစဉ်
အရေးပေါ် နာမကျန်း ဖြစ်၍ ဆေးရုံ တက်ရသည်။
ဝေချောင်လင်းနှင့် သိကျွမ်းသော်လည်း တရုတ်စကား မတတ်သည့် အိန္ဒိယ လုပ်ငန်းရှင်
ဘာဂျမ်း ဆေးရုံသို့
လူနာမေး ရောက်လာ သည်။
ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော ဘာဂျမ်းကို ဝေချောင်လင်းက မျက်လုံး
ဖွင့်ကြည့်ပြီး
`“လီကိုင်ယန် ကျိဂွ မွ် ” ဟု ပြောသည်။
ဘာဂျမ်းကက ဘာပြောမှန်းမသိ၍ ဝေချောင်လင်း ကိုသာ ငေးကြည့် နေသည်။
“လီကိုင်ယန် ကျိဂွ မွ် ” “လီကိုင်ယန် ကျိဂွ မွ် ” ဟု ဝေချောင်းက အကြိမ်ကြိမ်
ပြောသည်။
ဘာဂျမ်းက နားမလည်၍ ထိုင်နေမြဲ အတိုင်း ထိုင်ကြည့်နေဆဲ “လီကိုင်ယန် ကျွိဂွမ် ”
ဟုအော် အသံပြုရင်း
အသက်ပျောက် သွား၏။
ဘာဂျမ်း အလွန် စိတ်မကောင်း ဖြစ်ပြီး ဆေးရုံမှ နေအိမ်သို့  ပြန်လာသည်-
နောက် တစ်လခန့် ကြာသောအခါ ဘာဂျမ်း ရှန်ဟိုင်းမြို့ သို့ အလုပ် ကိစ္စဖြင့်
ရောက်လာ၏။
ရှန်ဟိုင်းမြို့  တစ်နေရာတွင် တရုတ်-အိန္ဒိယ အဘိဓါန်စာအုပ် တွေ့ ၍ ၀ယ်လိုက်ပြီး
“လီကိုင်ယန်ကျွိဂွမ် ” ၏
အဓိပ္ပါယ်ကို ရှာသည်။
စာမျက်နှာ ၆၈ တွင် တွေ့ ၏။
“လီကိုင်ယန်ကျိဂွ မွ် ” = အောက်ဆီဂျင် ပိုက်ကို ဖင်ခု မထိုင်ထားပါနဲ့ ။
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:23 pm

တရားရုံးတွင် လင်မယား ကွာရှင်း ပြတ်စဲမှုကို ကြားနာနေသည် ။
ကွာရှင်းပြီးသည့်အခါ
သားသမီးများကိုအုပ်ထိမ်းခွင့် မည်သူရသင့် သနည်း နှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ
့နေများ
လျှောက်လဲကြသည် ။ ယောင်္ကျားဘက်က ရှေ့ နေ ပြောသည် ။
" ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ...ဆိုကြပါစို့  စက်ထဲကို လူတစ်ယောက်
ပိုက်ဆံထည့်လိုက်တယ်...စက်က
စီးကရက်ဘူးကို ထုတ်ပေးတယ်...အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူ
ပိုင်သလဲ..ပိုက်ဆံထည့်တဲ့ လူလား..စက်လား.."
တရားသူကြီးက ပြောသည် ။
" ပိုက်ဆံ ထည့်တ့လဲူပေါ့.."
" အဲ့ဒါဆို ကလေးတွေကို ကျနော့်အမှုသည် လက်ထဲ အပ်လိုက်ပါ.."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:24 pm

အဖေဖြစ်သူ နယ်သို့  ခရီးထွက်သွားသည် ။ အမေဖြစ်သူမှာ ညဥ့်နက်မှ ရုံးမှ ပြန်လာသည် ။
တစ်ကိုယ်လုံး
အ၀တ်အစား
သစ်သစ်လွင်လွင်နှင့် ဖြစ်သည် ။ ကလေးများက ၀မ်းသာအားရ ဆီးကြိုပြီး ပြောကြသည်

" မေမေ ဒီနေ့ သိပ်လှပါလား..ဂါဝန်က အကောင်းစားနဲ့ ..နားကပ်ကလည်း
အပျံစား..ဘာလဲ..ဖေဖေ ၀ယ်ပေးတာလား ဟင် "
ကိုယ်လုံးပေါ်မှန်ရှေ့ တွင် မိမိကိုယ်ကို အရသာခံ ကြည့်နေရင်းက အမေက
ပြန်ပြောသည် ။
" မင်းတို့ အဖေ ၀ယ်ပေးတယ် ဟုတ်လား..၊ အဟင်း..ဟင်း..အဖေ့ကို အားကိုးရင်
မင်းတို့ တောင် လူ့ ပြည်ထဲ
ရောက်မလားဘူး..."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:25 pm

ဖိတ်ကြားထားသောအိမ်တွင် အိမ်ရှင်များ တည်ခင်းကျွေးမွေးသည်ကို
လင်မယားနှစ်ယောက်
စားသောက်နေကြသည် ။
မိန်းမဖြစ်သူသည် ယောင်္ကျားကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဆိုင်းမဆင့်
ဗုံမဆင့်
စကားတစ်ခွန်းကို ဆိုသည် ။
" အရက် ငါးပက် သောက်လိုက်တာနဲ့  လူတစ်ယောက်ကို သိသိသာသာ
ပြောင်းလဲစေတာပဲနော်..
အံ့သြစရာ ကောင်းလိုက်တာ..."
" ဟေ့...ငါ .တစ်ခွက်တည်း သောက်တာပါကွ.." ယောင်္ကျားက မကျေမချမ်း
ပြောသည် ။
" ကျမက ငါးခွက် လေ.."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:26 pm

သူဌေးက သူ၏ ယာဉ်မောင်းကို ပြောသည် ။
" ဒီရွှေရောင်ဆံပင်နဲ့ ကောင်မလေးက ဘယ်လိုလုပ်ပြီး ငါ့ကားရဲ့  နောက်ခုံမှာ
ရောက်နေရတာလဲ ကွ "
" ကျနော် အစ အဆုံး ရှင်းပြပါ့မယ် ခင်ဗျ "
" ရှင်းတာ နောက်မှ ရှင်း ၊ လောလောဆယ် ငါနဲ့  မိတ်ဆက်ပေးဦးလေကွာ.."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:26 pm

အီဗန်နော့က မိမိနှင့်အတူ ညစာလိုက်စားရန် သူငယ်ချင်းဖြစ်သူ ပီထရော့ ကို
အိမ်ခေါ်လာသည် ။
အိမ်ခန်းထဲ ၀င်ဝင်ချင်း
အီဗန်နော့က " မင်း ဒီနေ့ သိပ်လှတာပဲ " ဟုပြောကာ ဇနီးသည်ကို နမ်းသည် ။ ညစာကို
အရသာရှိစွာ
စားအပြီးတွင် မိန်းမကို အီဗန်နော့က
ချီးကျူးပြီး ထပ်နမ်းသည် ။ အမျိုးသမီး မီးဖိုချောင်ဘက် ခဏထွက်သွားချိန်တွင်
ပီထရော့က သူငယ်ချင်းကို
မေးသည် ။
" မင်း မိန်းမကို မင်း ဒီလိုပဲ အမြဲတမ်း ဆက်ဆံသလားကွ "
" ဟုတ်တယ်..ဒီလိုဆက်ဆံတာဟာ တို့ ရဲ့  အိမ်ထောင်ရေး သာယာမှုကို အများကြီး
အထောက်အကူ ဖြစ်တယ်ကွ "
အီဗန်နော့ကို အားကျပြီး ၄င်းအတိုင်းလိုက်လုပ်ရန် ပီထရော့ ဆုံးဖြတ်လိုက်သည် ။
နောက်တစ်နေ့  အလုပ်မှပြန်လာသော
အခါ ဇနီးသည်ကို ပီထရော့ သိုင်းဖက်လိုက်ပြီး ဖွဖွလေး နမ်းသည် ၊ နှုတ်မှလည်း ပြောသည်

" မင်း ဒီနေ့ သိပ်လှပါလား.မိန်းမရေ...ဒီလို မိန်းမမျိုး ရထားတဲ့အတွက်
ငါ့လောက်
ကံကောင်းတ့သဲူ
လောကမှာ ရှိမယ် မထင်ဘူးဟေ့.."
ပီထရောကို လုံးဝမယုံကြည်နိုင်ဟန်ဖြင့် မိန်းမက မျက်လုံးပြူးပြီး ကြည့်သည် ။
ထို
့နောက် ချုံးပွဲချ င်ုချလိုက်သည် ။
" ဟဲ့..ဟဲ့..ဘာဖြစ်လို့ ငိုရတာတုံး "
ပီထရော့ အံ့သြသံဖြင့် မေးသည် ။ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်သွားသည် ။
မိန်းမက
ငိုကြီးချက်မဖြင့် ပြောသည် ။
" ဘ၀အကျိုးပေး မကောင်းပါလား အရပ်ကတို့ ရေ...ဒီနေ့ တစ်နေ့ လုံး
စိတ်မချမ်းသာစရာနဲ့ ချည်း တွေ့ နေရပါလား..
မနက်က အငယ်ကောင်က အဆော့လွန်ပြီး နှာခေါင်းရိုး ကျိုးသွားတယ် ၊ ပန်းကန်စင်ကို
ကြောင်တက်လို့  ပန်းကန်တွေ
ကွဲတယ်..နောက် အ၀တ်လျှော်စက် ပျက်တယ်..အခု ယောင်္ကျားလုပ်တဲ့သူက
အရက်မူးပြီး ပြန်လာတယ်.ဟီးဟီးဟီး "
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:28 pm

( ဆိုဗီယက် ယူနီယံတွင် ယခင်က ဗော့ဒ်ကာအရက်တစ်ပုလင်းကို သုံးရူဘယ်သာ ပေးရသည် ။ သို
့သော်
သုံးရုဘယ်ပင်
မတတ်နိုင်သော ဇိုးသမားအချို့ မှာ မိမိတွင်ပါသော တစ်ရူဘယ်ကို လက်ထဲကိုင်ကာ
ဘ၀တူများကို
အဖော်လိုက်စပ်ရသည် ။ နှစ်ယောက်ရှိဦး
တော့ မသောက်နိုင်သေး..၊ တတိယလူ လာသည်အထိ စောင့်ကြရသည် ။ )
အလုပ်သွားမည့် ယောင်္ကျားအတွက် မိန်းမက ထမင်းချိုင့် ပြင်ပေးနေသည် ။
ယောင်္ကျားက ပြောသည် ။
" မိန်းမရေ...အလုပ်ကအပြန် တတိယလူ အဖြစ်နဲ့ ပေါင်းသောက်နိုင်အောင် ငါ့ကို
တစ်ရူဘယ်တော့ ပေးပါဦးကွာ.."
တစ်ရူဘယ်ကို ဆောင့်ကြီးအောင့်ကြီး ပေးရင်း မိန်းမက ပြောသည် ။
" ရှင်..စောစောတော့ အိမ်ပြန်လာနော်..နို့ မဟုတ်ရင် ရှင် ပထမလူ ဖြစ်ဖို
့မလွယ်ဘူး..."
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:28 pm

သည်းမခံနိုင်သည့်အဆုံး မိန်းမကယောင်္ကျားကို ပြန်အော်သည်.

"ရှင် ကျမကို နိုပ်စက်တာ လွန် လွန်းပြီ ဘယ်မိန်းမမှ ရှင့်အနွံအတာကို
မခံနိုင်ဘူးရှင့် နားလည်လား.."

" မခံ နိုင်ရင် မင်းအမေဆီကို လိုက်သွား.... မတားဘူး..."

" ကျမအမေ ဆုံးသွားပြီဆိုတာ ရှင်သိတယ် မပာုတ်လား..."

"အေး ... သိလို့ ပြောတာပေါ့ကွ"
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 7:42 pm

တချိန်က တစ်ရွာထည်းသား အရွယ်တူ သူငယ်ချင်းနှစ်ယောက်ရှိတယ်တဲ့
အကြောင်းအမျိုးမျိုးကြောင့်
တစ်ယောက်က ရွာမှာ နွားကျောင်းသားအဖြစ်နဲ့အချိန်ကုန်သွားတယ်
တစ်ယောက်က မြို့သွားပြီး ပညာပြီးဆုံးတိုင်အောင်သင်ယူခဲ့ပြီး
ဘွဲ့ တွေ လည်း ယူပြီး မိမိရွာကိုပြန်ခဲ့ တယ်တဲ့

တစ်နေ့တွင်
သူငယ်ချင်းနှစ်ယောက် စကား နီးနောဖလယ်ကြတယ်
နွားကျောင်းသား ။ ။ ““ဟဲ့ကောင် မင်းကတော့ဘွဲ့ရလာပြီဆိုတော့ ငါတစ်ခုမေးချင်တယ်””
ဘွဲ့ရ ။ ။ မေးလေ ဘာမေးမှာလဲ အရံသင့်ပဲ ””
နွားကျောင်းသား ။ ။ ကမ်ဘာမြေကြီးဟာ ၀န်ရိုးစွန်းဆိုတာ တကယ်ရှိသလား””
ဘွဲ့ရ ။ ။ ““တကယ်ရှိတာပေါ့ မြှောက်ဝန်ရိုးစွန်း နှင့် တောင်ဝန်ရိုးစွန်း ရယ်လို့ ရှိပါတယ်
ဒီဝန်ရိုးစွန်းရှိလို့ ကမ်ဘာမြေကြီး က လည်ပတ်နိုင်တာပေါ့””
နွားကျောင်းသား ။ ။ ““ ဒါဆို မြေငလျှင် ဆိုတာ ဘယ်လိုဖြစ်ပေါ်လာသလဲ ပြောပြပါဦး””
ဘွဲ့ရ ။ ။ ““ မြေငလျှင်ဖြစ်ပေါ်ခြင်းဟာ မြေအောက်ကမ်ဘာရဲ့ မီးတောင်ပေါက်ကွဲမှု့ကြောင့်
မြေငလျှင် ဖြစ်ပေါ်လာတာပါ““
နွားကျောင်းသား ။ ။ ““ မင်းမှားတယ် မြေငလျှင်ဖြစ်ပေါ်ခြင်းဟာ ခုဏ မင်းပြောတဲ့ ၀န်ရိုးစွန်းတစ်ဘက်က
“ ဘော” တစ်လုံး ကွဲသွားလို့ မြေငလျှင်ဖြစ်ပေါ်လာတယ် ဆိုတာ မှတ်ထား””
ဘွဲ့ရ ။ ။ ““ဟိုက်စ် ၀န်ရီုးစွန်းကို အမဲဆီသွားထည့်ရမည့်ပုံပေါ်နေပြီ
ဒီလိုမှန်းသိရင် ငါအချိန်ကုန် ငွေကုန်ခံ ပညာ သင် မနေဘူး””
Back to top Go down
Bane
The God Of MMOG
The God Of MMOG
avatar

Posts : 84
Join date : 2011-06-17
Age : 27

PostSubject: Re: ဟာသတိုများ   Fri 01 Jul 2011, 10:44 pm

cool xD.i am pretty sure u got ths from somewhere Wink

___________________________________________________________________________________________________________________________________________________
[You must be registered and logged in to see this image.]
Back to top Go down
http://www.mm-og.com
Hein Nanda
Founder
Founder
avatar

Posts : 178
Join date : 2011-06-18
Age : 21
Location : Somewhere in Yangon

PostSubject: Re: ဟာသတိုများ   Sat 02 Jul 2011, 7:39 am

haha, X) i love this!
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Sat 02 Jul 2011, 10:58 am

အဖြစ်အပျက်လေးကတော့ဒီလိုပါ။ ။
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူကလှမ်းနှုတ်ဆက်"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပစကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်းပြန်နှုတ်ဆက်ရသည်ပဲပေါ့....

"ကောင်းပါတယ်. ကျေးဇူး"

အသေအချာအကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သောငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."

ဟာ…ဒီလူတော့ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေလာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့်ဘုတောပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ."

ဘာပဲဖြစ်ဖြစ်မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့်
နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ.ရမလား"


ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား.ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာနေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကိုအသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။


"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်ကွာ.
ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှပြန်လိုက်ဖြေနေလို့…."


Last edited by Bane on Sat 02 Jul 2011, 11:06 am; edited 1 time in total (Reason for editing : Arranging words)
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:38 pm

ကလေးအတွေး

၆နှစ်အရွယ်ကလေးတယောက်ကသူ့ဖေကိုမေးသတဲ့ '

ဖေဖေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'

အဖေလုပ်သူကလဲ'မင်းမေမေကိုမေးကြည့်သားရယ်'တဲ့

ကလေးကလဲသူ့အမေကို'မေမေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'ဆိုတော့

သူအမေက'မင်းဖေဖေကိုမေးကြည့်သားရယ်လို့ပဲပြောလိုက်တယ်

အဲဒီစကားကိုလဲကြားရော ကလေးကခဏစဉ်းစားပြီး ဝမ်းပမ်းတနဲနဲ

"သားကအမေတို့အဖေတို့သားမဟုတ်တာသေချာပါပြီ သားဘယ်လိုဖြစ်လာသလဲဆိုတာအမေရောအဖေရောဘယ်သူမှမသိကြဘူး" [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:39 pm

ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို
ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:39 pm

တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို
ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင်
တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:39 pm

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီ
းတော့ အိမ်က
သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး
ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ
ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ
ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက်
ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက
မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင်
အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး
သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ
ဝယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။
ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက
ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်..
သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့
ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့်
လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ
ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက
အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:40 pm

အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:40 pm

အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:41 pm

အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:41 pm

ဆံပင် လည်း တစ်လတခါ ညှပ်ရပြီ
ထမင်းစားပြီးတိုင်းနဲ့ အိပ်ယာ ၀င်ခါနီးတိုင်းလည်းသွားတိုက်ရပြီ
ကော်ဖီလည်း တနေ့ နှစ်ခွက်ပဲ သောက်ရပြီ
စီးကရက်လည်း အသည်းအသန်ဖြတ်ရပြီ
ရေလည်း တနေ့ တခါ ချိုးရပြီ
ကျုပ်လို သန့် ရှင်းလွန်းသူအတွက် အဲဒါ အဆိုးဆုံး။

အမေလုပ်သူကလဲ ချွေးမကို အပြီးအပ်နှံလိုက်ပြီ
မေမေ...မေမေ....
သမီး...သမီး နဲ့........
သူတို့ က တည့် လို့ ...............။

ကုန်တိုက်တွေကိုသွားဖြစ်တဲ့ အားရက်တွေတိုင်းလဲ
စက္ခုအာရုံကို ကိလေသာကုန်တဲ့ အရိယာကြီးလို
ခပ်ပိုပို ထိမ်းရပြီ။

အော်....ယောက်ျားဘ၀...
တယ်အားငယ်ရသကိုး............။

မိဘအိမ်မှာတော့ အမေ့သွန်သင်ဆုံးမမှုအောက်
အိမ်ထောင်ရက်သားကျတော့လည်း
ဇနီးရဲ့ အုပ်ထိမ်းမှုအောက်
အိုကြီး အို မ အရွယ်တွေရရင် လည်း
သမီးနဲ့ ဇနီးရဲ့ ကြပ်မတ်မှုအောက်
ကျုပ်ခမျာ ရောက်ရပေဦးမယ်...........။

အီးတောင် ကျယ်ကျယ် ပေါက်ဖို့  ဖင်ကြွ ခါးစောင်း
ဘူ... ကနဲ...ထောင်းကနဲ ..ဟောင်းကနဲ
အဲသလို အားရပါးရ ကိစ္စတွေကို လဲ
ဇက်ကြိုးဆွဲ ရ............။

အဲဒါတွေအတွက်................
ကိုကို .............လာရေချိုးရမယ်
ကလေးငယ်တစ်ယောက်လို သူက ရေချိုးပေး
ကိုကို .......လက်သည်းခြေသည်းညှပ်ရမယ်....
ပြတင်းပေါက်ဘေးမှာ ကျုပ်က ကလေးလေးလို ထိုင်ပေး.......
ကိုကို အ၀တ်တွေ အညစ်တောင်းထဲထည့်
ငယ်.....ရုံးမသွားခင်လျှော်ခဲ့မယ်.............။

ကိုကို.....ခေါက်ပြီးသားတွေကို တွေ့ ကရာမဆွဲနဲ့ 
ဒီနေ့ ဟောဒါလေးဝတ်..........။

အမေ့အိမ်ကဝေးကတည်းက
တခါသားမှ မီးပူတိုက်ပြီးသား မ၀တ်ဖူးသူ
တခါသားမှ ထမင်းပွဲ လက်ဆေးပြီးအရံသင့်မစားဖူးသူ
တခါသားမှ ကိုယ့်ဘ၀ကိုယ် ဂရုမစိုက်သူဟာ
ခုအခါ ...........
မယားအချစ် ကြောင့်
ငါးနှစ်သား ပူတူတူးလိုလဲ ကျုပ်မှာ အူမြူးရပြီ။
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:42 pm

မေးခွန်းအားလုံးကို ဖြေချင်ရင်လဲဖြေပါ မဖြေချင်ရင်လဲဖြေပါ။


၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။

အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။



(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။

နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။



(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။

အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။




၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။

အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊ မခံနိုင်ဘူး။



(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော စာရွက်အချို့မှခိုးချပါ။

ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊ အိမ်ကိုပြန်ခဲ့တော့။



(ဂ)
အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင်
မည်သို့သုံးထားကြောင်း နှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း
မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့် ကူးဖြေပါ။

ဘူ……ဘွတ်
(မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊
ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။



၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။ သို့သော် မဖြေပါက ကျမည်မှတ်ပါ။

(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။

(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။

(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။

(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။

(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို ဖော်ပြပါ။

(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။

(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏ အဓိပ္ပါယ်ကို ရေးပါ။

(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏ ခံစားချက်ကိုရေးပါ။



၎။ (ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။

(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။

(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။

(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။

(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။

(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။

(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။

(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။

(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။

သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊

ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။ (သို့)

"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။



၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။

ဘီးတစ်လက်၊
အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။


(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။

ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။ (သို့)

"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို စိတ်ဝင်စားဖွယ်ဖြေဆိုပါ။
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:42 pm

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊

ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"

" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်

လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် " [You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:43 pm

ဆယ်ကျော်သက်အရွယ် သမီးငယ်က တယ်လီဖုန်းလက်ခံပြောဆိုရာတွင်

ခါတိုင်းလို တစ်နာရီကြာအောင်မပြောဘဲ မိနစ် နှစ်ဆယ်နှင့်

ဖုန်းချလိုက်သည်ကို တွေ့ရတဲ့အတွက် အဖေလုပ်သူက

အံ့သြ၀မ်းသာစွာနဲ့ချီးကျူးလိုက်ပြီး ''တစ်ဖက်က သူငယ်ချင်းက ဘယ်သူလဲ''

ဟုမေးလိုက်သည်။

သမီးဖြစ်သူက ဖြေလိုက်သည်မှာ-

''အဲဒါ သမီးသူငယ်ချင်းမဟုတ်ဘူးဖေဖေရဲ့ ၊ ဖုန်းမှားခေါ်တာပါ။''
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:43 pm

ဘဏ်တစ်ခုတွင်ဖြစ်သည်။

ဂျွန် - ''သားရေကွင်းပတ်ထားတဲ့ ပိုက်ဆံလိပ်ကြီး တစ်ယောက်ယောက်များ

ကျမိသေးလား ခင်ဗျာ''

အသံပေါင်းများစွာ- ''ကျွန်တော် / ကျွန်မကျသွားတာ''

ဂျွန်- ''ကျွန်တော်က သားရေကွင်းပဲကောက်ရတာပါ။''
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:44 pm

ဆရာဝန် - ''ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ ''

လူနာ - '' ဒါပေမယ့် ဒေါက်တာရယ် ၊ဒါဟာ.ကျွန်တော်အဖို့ ပထမဆုံး ခွဲစိတ်ခံ

ရမှာ မို့လို့ပါဗျာ ''

ဆရာဝန် - ''ကျွန်တော်အတွက်လဲ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ ၊ ကျွန်တော်တောင်

ဘာစိတ်လှုပ်ရှားမှုမှ မရှိတာပဲ ''
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:44 pm

အကျဉ်းသားနှစ်ယောက်သည် ထောင်အမိုးပေါ်မှ ထွက်ပြေးဖို့ကြိုးစားနေကြစဉ်

တစ်ယောက်ကြောင့်အုတ်ကြွပ်ပြား တစ်ပြား ပဲ့ထွက်သွား၏။

''ဘယ်သူလဲဟေ့'' ဟု အစောင့်က အော်လိုက်သည်။

ပထမအကျဉ်းသားက ကြောင်အော်သံလုပ်လိုက်ရာ အစောင့် စိတ်ချသွားပြီး

ပြန်လှည့်သွားသည်။ သို့ရာတွင် ဒုတိယ အကျဉ်းသား ကြောင့် တစ်ခြားအုတ်ကြွပ်

ပြားတစ်ခု ပဲ့ ထွက်သွားပြန်၏။

အစောင့် '' ဘယ်သူလဲဟေ့ ''ဟု အော်မေးရာ ဒုတိယအကျဉ်းသားက ပြန်ပြောလိုက်သည်မှာ '' တခြားကြောင်ပါ''
[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:45 pm

မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ကောင် စကားပြောရင်းနဲ့ ညင်းခုံနေကြတယ်။
သူ့တို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း စကားနိုင်လုကြရင်း တိုက်ကြက်ချင်းခွပ်ဖို့ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမဲ့ ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောင် ၅ နှစ်နေမှ တိုက်ကြမှာ...
ဘာလို့လဲဆိုတော့
မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူ ပြုစုပျိုးထောင်ပြီး
အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ် အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
... ... ...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ,
လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့
ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို ကြည့်နေတယ်။

လျောင်ကီးတို့ရဲ့
ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက
တဘက်ကဗမာကြက်ကို ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ
စက်တပ်ထားလားမှတ်ရတယ်...

အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို
ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ
တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင် မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့
ကြာလာတော့ တရုတ်ကြက် သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ
တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့ အတောင်ပံကြား ခေါင်းထိုးပြီး
နားနေပါလေရော...

ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...

သွေးညှီနံ့လဲရရော ဗမာကြက်ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ လှည့်ပတ်ရှာလိုက်တော့ သူ့အတောင်ပံကြားက တရုတ်ကြက်ဆီကကိုး ...
ဘာမှပြောမနေဘူး...တခါထဲ
တရုတ်ကြက်ခေါင်းကို ဖမ်းဆွဲပြီး တစ်ကောင်လုံးကို ဖဲ့ရွဲ့စားလိုက်တာ
အချိန်ပိုင်းလေးအတွင်းမှာဘဲ အရိုးပါးပါး ကျန်တယ်။
ဗမာပရိတ်သတ်တွေရဲ့ အော် အလှည့်ပေါ့...၊ ဝေး...ဟေး...ဟေး... ...
ဗမာကြက်ပိုင်ရှင်ကတော့ ပြုံပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ပိုင်ရှင် မောင်တရုတ်တစ်ယောက် ဗမာကြက်ပိုင်ရှင်ရဲ့ရှေ့ ဒူးထောက်ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာနဲ့ မေးလာတယ်.. ...
"ကျနော်တော့
နားကိုမလည်တော့ဘူးဗျာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ကျနော့်ကြက်ဟာ နယ်နယ်ရရ
ကြက်မဟုတ်ဘူး၊ အိန္ဒိယ စစ်တကောင်းနယ်က အရက်စက်ဆုံး အကြမ်းတမ်းဆုံး
တိုက်ကြက်ဖ နဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးက
ဓါတ်ခွဲခန်းမှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးပြီးမွေးမြူခဲ့တာ၊
သူ့ကိုနိုင်တဲ့ကြက် တရုတ်ပြည်မှာတော့ တစ်ကောင်မှ မရှိတော့ဘူး၊ အချိန် ၅
နှစ်တောင်ကြာအောင် လေ့ကျင့်ပေးခဲ့ရတာ၊ ခင်ဗျားတို့ကြက်ကိုရော ဘယ်လို
မွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"

ဒီတော့ ဗမာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"အထွေအထူးတော့မရှိပါဘူးကွာ...၊
လဒ တစ်ကောင်ကို တိုက်ကြက်ဖနဲ့တူအောင် ယိုးဒယားသွားပြီး
ပလပ်စတစ်ဆာဂျရီလုပ်လိုက်တာ ၂ ရက်ဘဲ ကြာတယ်၊ ဒါပါဘဲ"...တဲ့။

[You must be registered and logged in to see this image.] [You must be registered and logged in to see this image.] [You must be registered and logged in to see this image.]
Back to top Go down
thulay
Diamond Member
Diamond Member
avatar

Posts : 253
Join date : 2011-06-20
Age : 22
Location : Unknown

PostSubject: Re: ဟာသတိုများ   Mon 25 Jul 2011, 2:48 pm

ဆက်လတ်တင်ပေးပါအုန်းမည်
Back to top Go down
Hein Nanda
Founder
Founder
avatar

Posts : 178
Join date : 2011-06-18
Age : 21
Location : Somewhere in Yangon

PostSubject: Re: ဟာသတိုများ   Fri 29 Jul 2011, 6:49 pm

Poster gyi par kwar x)
Back to top Go down
Bumblebee*
Junior Member
Junior Member
avatar

Posts : 10
Join date : 2011-08-03

PostSubject: Re: ဟာသတိုများ   Sun 07 Aug 2011, 2:21 pm

mite tel byar.......
Back to top Go down
Sponsored content




PostSubject: Re: ဟာသတိုများ   

Back to top Go down
 
ဟာသတိုများ
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Myanmar Online Games Forum :: MMOG Entertainment :: Comedy-
Jump to: